ပိုးမွှားများ
  
Translated

အသက်ရှိပြီး လွန်စွာသေးငယ်သဖြင့် ရိုးရိုးမျက်စိဖြင့်မမြင်နိုင်ပဲ မိုက်ခရိုစကုပ်ဖြင့် ကြည့်မှသာ မြင်နိုင်သော

 

"ပိုးမွှားငယ်များသည် ကျွန်ုပ်တို့ ပတ်ဝန်းကျင် တွင် နေထိုင်ကြပြီး အရေပြားပေါ်တွင်သာမက ကျွန်ုပ်တို့ခန္ခာကိုယ် အတွင်း၌လည်းနေထိုင်ကြသည်။"

 

"ကူးစက်ရောဂါများကိုဖြစ်စေသော ပိုးမွှားငယ်များကို ရောဂါပိုးဟုခေါ်သည်။"

 

"သို့သောလည်း ပိုးမွှားငယ်တိုင်းသည် ကူးစက်ရောဂါကိုမဖြစ်စေပါ။ တချို့သော ပိုးမွှားငယ်များ သည် ကျွန်ုပ်တို့ကို အကူအညီပေးတတ်သည်။"

 

ဆက်စပ်သောစကားလုံးများ

ပိုးမွှားငယ်များ မိုက်ခရိုစကုပ်ဖြင့် ကြည့်မှသာမြင်နိုင်သောသက်ရှိ

Learning point

ကမ္ဘာကြီးနှင့် ပိုးမွှားငယ်များ

 

အကြမ်းအားဖြင့် ပိုးမွှားငယ်များကို ၄ မျိုးခွဲခြားနိုင်သည်။ မှိုရောဂါပိုး ၊ ဘက်တီးရီးယားပိုး ၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးပိုးတို့ဖြစ်သည်။ မှိုရောဂါပိုးသည်အရွယ်အစားအကြီးဆုံးဖြစ်သည်။

 

ဘက်တီးရီးယားပိုးများသည် မှိုရောဂါပိုးထက် ပိုမိုသေးငယ်ပြီး နူးကလိယားမရှိကြပါ။ဘက်တီးရီးယား ပိုး တစ်ကောင်ထဲရှိလျှင် ဘက်တီးရီးယန်း ဟုခေါ်သည်။ ဗိုင်းရပ်စ်ပိုးများသည် ပိုးမွှား ငယ်များတွင် အရွယ်အသေးဆုံးဖြစ်သည်။နူးကလိယားနှင့် ဆဲလ်နံရံများမရှိကြပေ။ ခြားသက်ရှိ တစ်မျိုးမျိုး သို့မဟုတ် အခြားဆဲလ်တစ်ခုခု အတွင်း၌သာမျိုးပွားနိုင်သည်။မိုက်ခရို စကုပ်ဖြင့်သာ မြင်နိုင်ပြီး ရောဂါကိုဖြစ်စေသော အတွေ့ရများသည့်ကပ်ပါးပိုးမှာ ငှက်ဖျားပိုး ဖြစ်သည်။ နွားချေးမှိုနှင့် အခြားရိုးတံရှိမှိုများ မှာလည်း မှိုပိုးအုပ်စုဝင်များဖြစ်သည်။ထို့အပြင် သန်ကောင်များမှာလည်း ကပ်ပါးပိုးအုပ်စုဝင်များဖြစ်သည် ။ သို့သော် အရွယ်အစားကြီးမားကြပြီး ဆဲလ်အများအပြားဖြင့်

 

ဖွဲ့စည်းထားကြသည် ။ ၄င်းတို့သည် ပိုးမွှား ငယ်များမဟုတ်ကြပါ ။

 

 ခန့်မှန်းခြေအရ မြေကြီးတစ်ဂရမ်တွင်ဘက်တီးရီးယားပိုးပေါင်း သန်းပေါင်းတစ်သောင်းအထိ ၇ှိနိုင်သည်။[1] ပုံမှန်လူတစ်ယောက်အသက်နှစ်ဆယ်မှသုံးဆယ်ကြား  အရပ် ၁၇၀စင်တီမီတာ ၊ အလေးချိန် ၇၀ကီလိုဂရမ် ပုံမှန်လူတစ်ယောက်တွင် ပျမ်းမျှအားဖြင့်  လူသားဆဲလ်ပေါင်းသန်းပေါင်းသုံးသောင်း ၃၀ ၀၀၀ ၀၀၀ ၀၀၀ ၇ှိပြီး ဘက်တီးရီးယားဆဲလ်ပေါင်း သန်းပေါင်း သုံးသောင်းကိုးထောင် ၃၉ ၀၀၀ ၀၀၀ ၀၀၀ နေထိုင်လျက်ရှိသည်။[2] ငှက်ဖျားကပ်ပါးပိုး များသည် လူ၏ကိုယ်ခန္ဓာ အတွင်း ပုန်းအောင်းနေနိုင်ပြီး ၊ သွေးဆဲလ်များအတွင်း ပွားများကာ ခြင်ကိုက်ခြင်းမှတဆင့်အခြားသူများသို့ကူးစက်နိုင်သည်။  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဆေးယဉ်ပါးပိုးမွှားဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအစီအစဉ် အရ  ဆေးယဉ်ပါးလာသော ဘက်တီးရီးယားပိုးနှင့် ငှက်ဖျားပိုးကဲ့သို့သော ပိုးမွှားငယ်များသည် ကမ္ဘာ့ကျန်းမာရေးကို ခြိမ်းခြောက်လျက်ရှိသည်ဟု သိရသည်။ [3]

 

ဥပမာ ဘက်တီးရီးယားပိုးသတ်ဆေးများကို လူနှင့်တိရစ္ဆာန်များတွင် မလျော်မကန် သုံးစွဲမှုကြောင့် လူသားတို့ပတ်ဝန်းကျင်တွင် ဘက်တီးရီးယားပိုးသတ်ဆေးအဆိပ်သင့်လျက်ရှိသည်။ ထိုကဲ့သို့သော ဆေးများဖြင့်ထိတွေ့နေရခြင်းသည် ကျွန်ုပ်တို့ခန္ဓာကိုယ် ကျွန်ုပ်တို့ပတ်ဝန်းကျင် နှင့် တိရိစ္ဆာန်များတွင် ခိုကပ်နေထိုင်လျက်ရှိသော ဘက်တီးရီးယားပိုးများကို ဆေးယဉ်ပါးမှုဖြစ်စေသည်။ ဤဆေးယဉ်ပါး ဘက်တီးရီးယားပိုးများသည် ပျံ့နှံ့ကူးစက်ပြီး သေစေသောရောဂါများကိုဖြစ်စေနိုင်သည်။ ထိုနည်းတူ ငှက်ဖျားဆေးများကိုလည်း မလျော်မကန်သုံးစွဲမှုရှိပြီး ငှက်ဖျားထိန်းချုပ်ရေးကြိုးပမ်းမှုများသည် လည်း အခက်အခဲရှိသည်။ထို့ကြောင့် ဆေးမတိုးငှက်ဖျားသည်တစ်ကမ္ဘာလုံးပျံ့နှံ့လျက်ရှိသည်။

 

 

 

ကိုးကားချက်များ။

1 Ingham, E. R. (2019). Chapter 3: Bacteria. In Soil Biology. Retrieved from https://extension.illinois.edu/soil/SoilBiology/bacteria.htm.

2 Sender, R., Fuchs, S., & Milo, R. (2016). Revised Estimates for the Number of Human and Bacteria Cells in the Body. PLOS Biology,14(8). doi:10.1371/journal.pbio.1002533

3 WHO. (2015). Global Action Plan on Antimicrobial Resistance. Geneva, Switzerland: WHO Document Production Services. ISBN: 978 92 4 150976 3

Related words.
Word of the month
New word
ဒေါင်းလုပ်

တစျခုလုံးကို AMR အဘိဓါန် Download ဒီမှာ